ဤပန်ကြားချက်အား ရမည်းသင်းနည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီး နှင့်တကွ ဆရာဆရာမများ နေထိုင်ရာ အဆောင်များသို့ ပေးပို့ပြီးပြီ ဖြစ်ပါ သည်။ စာကြည့်တိုက်အတွင်းလည်း ကြေငြာထားပြီဖြစ်သည်။
မကြာသေးမီရက်များအတွင်း သမဂ္ဂ အတွင်းရေးမှူး ကိုအောင်ထက်နိုင်မှ ဖေ့စ်ဘွတ်တွင် ဆောင်းပါးတစ်ပုဒ် ရေးခဲ့ပြီး အဆိုပါ ဆောင်းပါးတွင် ဆရာ ဆရာမများအပေါ် နှိမ်ချပြောဆိုထားကြောင်း သတင်းများ တက္ကသိုလ် အတွင်း ပျံနှံ့ခဲ့သည်။
ရမည်းသင်းနည်းပညာတက္ကသိုလ်မှ ဆရာတစ်ဦးသည် ၎င်း၏စာသင်ချိန် ပါသော အတန်းများထဲတွင် ကျောင်းသားသမဂ္ဂ မှ ဆရာတွေအပေါ်မရို မသေ ပြောဆိုထားကြောင်း၊ ထို့ကြောင့် ဆရာလုပ်ချင်စိတ် မရှိတော့သဖြင့် အလုပ်ထွက်လိုကြောင်းများ ကျောင်းသူကျောင်းသားများကို ပြောခဲ့သည်။
ထို့အပြင် ဤသမဂ္ဂ စာမျက်နှာပေါ်တွင် အခြားဆရာများ၏ အကောင့်များကို သုံး၍လည်းကောင်း၊ ကျောင်းအုပ်ကြီး၏ နာမည်ကို ဆင်တူယိုးမှား ပြုလုပ်၍ လည်းကောင်း ဆဲဆိုမှုများကိုလည်း ကျူးလွန်ခဲ့သည်။
ဤကဲ့သို့ သမဂ္ဂအား ကျောင်းသားထုနှင့် ဆရာဆရာမများ အထင်မြင်လွဲစေ နိုင်သည့် ဖြစ်ရပ်များနှင့် ပတ်သက်၍ စုံစမ်းမှုများပြုလုပ်ခဲ့ပြီး သမဂ္ဂ နှင့် ကျောင်းသားများ၊ ဆရာဆရာမများကို ရန်တိုက်ပေးခြင်းသက်သက် ဖြစ် ကြောင်း တွေ့ရှိခဲ့ရသည့်အတွက် ဤကဲ့သို့သော အရေးပေါ်ပန်ကြားချက်ကို ထုတ်ပြန်လိုက်ရခြင်း ဖြစ်ပါသည်။
သတင်းနှင့်ပြန်ကြားရေး
ရမည်းသင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
0 comments:
Post a Comment