အခြေခံပညာကျောင်းများတွင်
ခေတ်စနစ်နှင့်အညီ ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်၊ အပြုအမူ၊
အလေ့အကျင့်များ ရရှိစေရန် ကျောင်းကောင်စီများကို ဇူလိုင်လအတွင်း
အပြီးဖွဲ့စည်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။
စာသင်ခန်းနှင့် ကျောင်းဝင်းတွင်း ဒီမိုကရေစီလုပ်ငန်းများ
ဖော်ဆောင်နိုင်ရန် ကျောင်းကောင်စီများကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး
ကျောင်းကောင်စီအတွင်းရေးမှူးနှင
“ကျောင်းကောင်စီမှာ အတွင်းရေးမှူးတို့
အသင်း (၅)သင်း ခေါင်းဆောင်တို့ ကျောင်းသား ကိုယ်စားလှယ်တွေရှိလာမယ်။
ဒီစနစ်ကို ပြန်ပြီးတော့ အားဖြည့်တာပါ။ အရင်ကလည်း ရှိခဲ့တယ်။ ဒါပေမဲ့
အဲ့ဒီအသင်းတွေရဲ့ လှုပ်ရှားမှုက သိပ်ပြီးအသက်မ၀င်ခဲ့ဘူး။ အခုက
ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းလာအောင် ဆောင်ရွက်တာပါ” ဟု
ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကျောင်းကောင်စီကို ဖွဲ့စည်းမည်ဖြစ်သလို အလောင်းဘုရား၊ ဘုရင့်နောင်၊
ကျန်စစ်သား၊ ဗန္ဓုလနှင့် အနော်ရထာ အသင်း(၅)သင်းကို
အားကောင်းမောင်းသန်ဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြေ
“ကျွန်တော်တို့တုန်းကတော့ အသင်းလေးသင်းရှိခဲ့တယ်။ အခုက အနော်ရထာအသင်း
ထပ်တိုးတာပေါ့။ အသင်းတွေက ဖွဲ့ထားပေမယ့် လှုပ်ရှားမှုတွေ
သိပ်မလုပ်ဖြစ်ခဲ့ဘူး။ အသင်းဝင်ပြီး နာမည်ကပ်ထားရုံ သပ်သပ်ပဲရှိခဲ့တာပါ။ အခု
လှုပ်ရှားမှုကောင်းကောင်းနဲ့ ဖွဲ့စည်းဆောင်ရွက်မယ်ဆိုရင် ၀မ်းသာစရာပါ။
အသင်းအဖွဲ့နဲ့ လုပ်ကိုင်တဲ့ဓလေ့လေးတွေ ပြန်ရလာတာပေါ့” ဟု အသက် ၃၀ အရွယ်
အမျိုးသားတစ်ဦးက ဆိုသည်။
အခြေခံပညာကျောင်းများတွင် ယခင်က
အသင်းလေးသင်း ဖွဲ့စည်း၍ ကျောင်းသန့်ရှင်းရေး၊ အားကစားလှုပ်ရှားမှုတို့တွင်
အပြိုင်အဆိုင်ဖြင့် လှုပ်ရှားဆောင်ရွက်မှု ကောင်းမွန်ခဲ့သော် လည်း
နောက်ပိုင်းတွင် စာမေးပွဲစနစ် အခြေခံသော ပညာရေးစနစ်ကြောင့်
အသင်းဖွဲ့စည်းမှုနှင့် လှုပ်ရှားဆောင်ရွက်မှုများ
အားနည်းသွားခဲ့ကြခြင်းဖြစ်သည်။
Tuesday, May 21, 2013
အခြေခံပညာကျောင်းများတွင် ခေတ်စနစ်နှင့်အညီ ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်၊ အပြုအမူ၊ အလေ့အကျင့်များ ရရှိစေရန် ကျောင်းကောင်စီများကို ဇူလိုင်လအတွင်း အပြီးဖွဲ့စည်းမည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment