နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းသားကျောင်းသူများ ဦးစီး၍ ပထမဆုံးအကြိမ် စာပေဟောပြောပွဲ ကျင်းပမည်
ဇူလိုင် ၇၊ ၂၀၁၄
ရမည်းသင်းနည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများ ဦးဆောင်၍ `စာဖတ်ရှိန်မြှင့်တင်ရေး နှင့် အသိပညာဗဟုသုတ မြင့်မားရေး´ အတွက် ရည်ရွယ်သော စာပေပေဟောပြောပွဲ ကို ဇူလိုင်(၈)ရက်နေ့တွင် တက္ကသိုလ် ပရ၀ုဏ်အတွင်း၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။
စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် ကော်မတီတစ်ရပ်ကို ကျောင်းသား
ကျောင်းသူများဖြင့် စုဖွဲ့ထားပြီး၊ စာပေ၊ အနုပညာ နှင့် ယဉ်ကျေးမှု အသင်း -
နည်းပညာတက္ကသိုလ်(ရမည်းသင်း)မှ ဆရာဆရာမများ၏ ကြီးကျပ်မှုဖြင့် စာပေ
ဟောပြောပွဲအား ကျင်းပသွားမည် ဖြစ်သည်။
စာပေဟောပြောပွဲတွင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) နှင့် ဆရာအော်ပီကျယ်
(ကာတွန်း) တို့မှ ကျောင်းသားကျောင်းသူများနှင့်စာပေကို ချစ်မြတ်နိုးကြသော
မိဘပြည်သူများကို စာပေဗဟုသုတများဖြင့် ဟောပြောမျှဝေပေးမည် ဖြစ်သည်။
စာပေဟောပြောပွဲ ကျင်းပမည့် အချိန်အား ညနေ(၃း၀၀)နာရီမှ (၇း၀၀)နာရီ အထိ
(၄း၀၀)နာရီတိတိ သတ်မှတ်ထားပြီး ဟောပြောမည့် စာရေးဆရာ များနှင့်
ကျောင်းသားကျောင်းသူများအကြား အပြန်အလှန် အမေးအဖြေ ကဏ္ဍများကိုပါ ထည့်သွင်း
စီစဉ်ထားပါသည်။
သို့ဖြစ်၍ ကျောင်းသားကျောင်းသူ လူငယ်များနှင့်
စာပေကို ချစ်မြတ်နိုးကြသူ တိုင်း ကျွန်ုပ်တို့ စီစဉ်ကျင်းပအပ်သော
စာပေဟောပြောပွဲသို့ တက်ရောက်၍ စာပေဗဟုသုတများ မျှဝေခံစားနိုင်ကြပါရန်
လေးစားစွာ ဖိတ်ကြားအပ်ပါသည်။
(မူလက ကျင်းပမည့်နေရာအား
ရမည်းသင်းမြို့၊ သာသနာ့ဗိမာန်ကြီးတွင် စီစဉ်ထားသော်လည်း
လုံခြုံရေးအကြောင်းပြချက်ဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ
ခွင့်မပြုခဲ့သဖြင့် ကျောင်းဝန်းအတွင်း ကျင်းပရန် စီစဉ်ခဲ့ရပါသည်။
ယခုကဲ့သို့ နေရာအပြောင်းအလဲ ဖြစ်သွားသည်ကိုလည်း ကြိုတင်၍ အသိပေး
ကြေညာခဲ့ပြီး ဖြစ်ပါသည်။)
သတင်းနှင့်ပြန်ကြားရေး
နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ရမည်းသင်းမြို့။
0 comments:
Post a Comment