Wednesday, July 10, 2013

သမဂ္ဂအပေါ် လုပ်ကြံဝါဒဖြန့်မှုအား သမဂ္ဂအမှုဆောင်နှစ်ဦး၏ တုန့်ပြန်ချက်။






လေးစားအပ်ပါသော ဆရာဆရာမများ ခင်ဗျား... လွန်ခဲ့သည့်တစ်ပါတ်ကျော် ကျွန်တော်၏ ဖေ့စ်ဘွတ်ပေါ်တွင် ရေးသားခဲ့သည့် ဆောင်းပါးနှင့် ပတ်သက်၍ ကျွန်တော်တို့ ကျောင်းသားအဖွဲ့သည် ဆရာဆရာမများအား အရည်အချင်းမရှိဟု ဖေ့စ်ဘွတ်ပေါ်တွင် ရေးသာထားကြောင်း ဆရာဆရာမများအပြင် ကျောင်းသူကျောင်းသားများကိုပါ အတန်းချိန်များတွင်ပင် မဟုတ်မမှန်ဝါဒဖြန့်မှုများ ရှိခဲ့သည်။ ထို့ကြောင့် ဖေ့စ်ဘွတ်ပေါ်တွင် ကျွန်တော် ရေးသားခဲ့သော ဆောင်းပါးအား လူထုပုံရိပ်ဂျာနယ်၏ ဖော်ပြချက်ကို ဆရာဆရာမများ လေ့လာသုံးသပ်နိုင်ရန် ပြန်လည်မျှဝေလိုက်ပါသည်။ ကျွန်တော်သည် ဖေ့စ်ဘွတ်ပေါ်တွင် နာမည်အရင်းဖြင့်သာ ရေးလေ့ရှိပြီး လိပ်စာမှာ www.facebook.com/abfsutuyamthin ဖြစ်သည်။ မည်သူမဆို အချိန်မရွေး ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ ကျွန်တော်တို့ ရေးသားသမျှသည်လည်း ကျွန်တော်တို့၏ ကိုယ်ပိုင်အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ရေးသားထုတ်ဖော်ပိုင်ခွင့် ဘောင်အတွင်းမှသာ ဖြစ်ပြီး ကျွန်တော်တို့၏ လွတ်လပ်ခွင့်သည် ဆရာဆရာမများသာမက မည်သူတစ်ဦးတစ်ယောက်ကိုမျှ ပုဂ္ဂိုလ်ရေးအရ ပုတ်ခတ်စော်ကားရန် လုံးဝမဟုတ်ပါ။ လုံးဝမပြုလုပ်ခဲ့ပါ။ သို့သော် ကျွန်တော်တို့ ကျောင်းသားအမှုဆောင်များအား ဆရာတစ်ဦးမှ နာမည်အတုသုံး၍သော်လည်းကောင်း၊ တစ်ခြား ဆရာများ၏ အကောင့်များကို ခိုးသုံးခြင်းဖြင့်လည်းကောင်း ဆဲဆိုမှုများ ရှိခဲ့သည်။ နာမည်အတုမှာလည်း လက်ရှိ ရမည်းသင်းနည်းပညာ ကျောင်းအုပ်ကြီး၏ နာမည်ကို ပြောင်းပြန်လုပ်၍ (Ko Aung) ထင်ယောင်ထင်မှားဖြစ်စေရန် လုပ်ကြံဖန်တီးခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဆရာဦးနိုင်ဝင်း၏ အကောင့်ကို ခိုးသုံး၍ ကျွန်တော်တို့ ကျောင်းသားများ လေးစားတန်ဖိုးထားသည့် ၇ဇူလိုင် ကျောင်းသားအရေးတော်ပုံ သမိုင်းဓါတ်ပုံအောက်တွင် မိုက်ရိုင်းစွာ ဆဲဆိုခဲ့ပြီး ဆရာနှင့်ကျောင်းသားများကြား အထင်အမြင်လွဲမှုများ ဖြစ်ပေါ်စေရန် ပြုလုပ်ခဲ့သည်။ ထို့နောက် ဆရာဦးနိုင်ဝင်း၏ တပည့် ကျောင်းသူကျောင်းသားများကို စာသင်ချိန်များတွင် သမဂ္ဂအမှုဆောင်တစ်ဦးမှ ဆရာဦးနိုင်ဝင်းအား ဆဲဆိုသည်ဟု လုပ်ကြံဝါဒဖြန့်ချိခဲ့သည့်အတွက် ကျောင်းသားများမှ သမဂ္ဂအပေါ် အထင်အမြင်လွဲမှုများ ပေါ်ပေါက်ခဲ့သည်။ ကျွန်တော်တို့ ကျောင်းသားသမဂ္ဂသည် ကျွန်တော်တို့၏ ရေးသားချက်များနှင့် ပတ်သက်၍ တာဝန်ခံပြီးဖြစ်ရာ ကျွန်တော်တို့အဖွဲ့နှင့် ပတ်သက်သည့် ကောလဟာလ သတင်းများကို မယုံကြည်ကြပါရန်နှင့် အသေးစိတ် သိရှိလိုပါက တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါကြောင်း ရိုသေလေးမြတ်စွာ အသိပေးပန်ကြားအပ်ပါသည်။ 
အောင်ထက်နိုင် (09 49206078) 
သန့်ဇင်(09 420762213)

0 comments:

Post a Comment