Tuesday, May 21, 2013

အခြေခံပညာကျောင်းများတွင် ခေတ်စနစ်နှင့်အညီ ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်၊ အပြုအမူ၊ အလေ့အကျင့်များ ရရှိစေရန် ကျောင်းကောင်စီများကို ဇူလိုင်လအတွင်း အပြီးဖွဲ့စည်းမည်

အခြေခံပညာကျောင်းများတွင် ခေတ်စနစ်နှင့်အညီ ဒီမိုကရေစီဆိုင်ရာ အတွေးအခေါ်၊ အပြုအမူ၊
အလေ့အကျင့်များ ရရှိစေရန် ကျောင်းကောင်စီများကို ဇူလိုင်လအတွင်း အပြီးဖွဲ့စည်းမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ သတင်းရရှိသည်။

စာသင်ခန်းနှင့် ကျောင်းဝင်းတွင်း ဒီမိုကရေစီလုပ်ငန်းများ ဖော်ဆောင်နိုင်ရန် ကျောင်းကောင်စီများကို ဖွဲ့စည်းသွားမည်ဖြစ်ပြီး ကျောင်းကောင်စီအတွင်းရေးမှူးနှင့် အသင်းခေါင်းဆောင်များကို ကျောင်...းသား၊ ကျောင်းသူများ၏ သဘောဆန္ဒနှင့် ရွေးချယ်သွားရမည်ဖြစ်သည်။

“ကျောင်းကောင်စီမှာ အတွင်းရေးမှူးတို့ အသင်း (၅)သင်း ခေါင်းဆောင်တို့ ကျောင်းသား ကိုယ်စားလှယ်တွေရှိလာမယ်။ ဒီစနစ်ကို ပြန်ပြီးတော့ အားဖြည့်တာပါ။ အရင်ကလည်း ရှိခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီအသင်းတွေရဲ့ လှုပ်ရှားမှုက သိပ်ပြီးအသက်မ၀င်ခဲ့ဘူး။ အခုက ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် အားကောင်းလာအောင် ဆောင်ရွက်တာပါ” ဟု ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ကျောင်းကောင်စီကို ဖွဲ့စည်းမည်ဖြစ်သလို အလောင်းဘုရား၊ ဘုရင့်နောင်၊ ကျန်စစ်သား၊ ဗန္ဓုလနှင့် အနော်ရထာ အသင်း(၅)သင်းကို အားကောင်းမောင်းသန်ဖြစ်လာစေရန် ရည်ရွယ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့တုန်းကတော့ အသင်းလေးသင်းရှိခဲ့တယ်။ အခုက အနော်ရထာအသင်း ထပ်တိုးတာပေါ့။ အသင်းတွေက ဖွဲ့ထားပေမယ့် လှုပ်ရှားမှုတွေ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ အသင်းဝင်ပြီး နာမည်ကပ်ထားရုံ သပ်သပ်ပဲရှိခဲ့တာပါ။ အခု လှုပ်ရှားမှုကောင်းကောင်းနဲ့ ဖွဲ့စည်းဆောင်ရွက်မယ်ဆိုရင် ၀မ်းသာစရာပါ။ အသင်းအဖွဲ့နဲ့ လုပ်ကိုင်တဲ့ဓလေ့လေးတွေ ပြန်ရလာတာပေါ့” ဟု အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

အခြေခံပညာကျောင်းများတွင် ယခင်က အသင်းလေးသင်း ဖွဲ့စည်း၍ ကျောင်းသန့်ရှင်းရေး၊ အားကစားလှုပ်ရှားမှုတို့တွင် အပြိုင်အဆိုင်ဖြင့် လှုပ်ရှားဆောင်ရွက်မှု ကောင်းမွန်ခဲ့သော် လည်း နောက်ပိုင်းတွင် စာမေးပွဲစနစ် အခြေခံသော ပညာရေးစနစ်ကြောင့် အသင်းဖွဲ့စည်းမှုနှင့် လှုပ်ရှားဆောင်ရွက်မှုများ အားနည်းသွားခဲ့ကြခြင်းဖြစ်သည်။

တောင်ငူခရိုင် နည်းပညာတက္ကသိုလ်ကျောင်းရှေ့  လမ်းပျက်ပြင်ဆင်ရန် ကျောင်းသားထုဆီမှငွေကြေးကောက်ခံ

တောင်ငူခရိုင် နည်းပညာတက္ကသိုလ်ကျောင်းရှေ့  လမ်းပျက်ပြင်ဆင်ရန် ကျောင်းသားထုဆီမှငွေကြေးကောက်ခံရ်ုလမ်းပြင်မည်ဟုသတင်းကြားသိရပါသည်။
(၁)အချက်အနေနဲ့  နိုင်ငံတော်တာဝန်အခန်းကန္တမှာ...နိုင်ငံအတွင်းရှိဆိုင်ရာသောကျောင်း၊တက္ကသိုလ်များ၏အရေးအရာများကိုတိုင်ပြည်အတွက်ရည်ရွယ်ရ်ုတာဝန်တာဝန်များဆောင်ရွက်ရပြါမည်...

ဥပမာ(၁)..ကျောင်းဆောင်အဆောက်အဦများ...
(၂)သုတေသနဆိုင်ရာပစ္စည်းများ...
(၃)..သင်ထောက်ကူပစ္စည်းနှင့် ဆရာဆရာ...မများ.....
(၄)...သယ်ယူပို့ ဆောင်ရေးယဉ်များ၊လမ်းများအခြားသောဆိုင်ရာလိုအပ်ချက်များ......စသည်စသည်အချက်အလက်များကို.....ပြည့် စုံစွာ တာဝန်ယူဆောင်ရွက်ပေးရမည့် ကန္တသည်နိုင်ငံတော်အခန်းကန္တဖြစ်ပါသည်..။ဥပမာ...နိုင်ငံတော်ဘဏ္တာငွေမှကျခ့ သုံးစွဲရမည်ဖြစ်ပါသည်။.....ကျောင်းသားထုထံမှကောက်ခံခွင့် သည်ကျောင်းအုပ်ချုပ်ရေး(၀ါ)အာဏာပိုင်များ၊ကျောင်းသားများမှလည်းကောက်ခံခွင့် မရှိပါ....။၎င်းကန္တသည်...နိုင်ငံတော်တာဝန်ဖြစ်ပါသည်။နိုင်ငံတော်ကန္တဖြစ်ပါသည်.....။
တောင်ငူနည်းပညာတက္ကသိုလ်သို့ နည်းပညာဝန်ကြီးဌာနမှလာရောက်ကြည့် ရှုဆောင်ရွက်ပေးရမည့် အရေးအရာကိစ္စရပ်ကြီးဖြစပါသည်....။


 

E-Library မကြာမီဖြစ်လာနိုင်ဟု ရမည်းသင်းနည်ပညာကျောင်းအုပ်ကြီးဆို... ကျောင်းသားများ အမှန်တကယ် အသုံးပြုနိုင်မည်လော...မေးခွန်းထုတ်စရာရှိ။

ရမည်းသင်းနည်းပညာတက္ကသိုလ် စာကြည့်တိုက် တွင် တ.က.သ မှ ဦးစီး၍ စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီ ကို ဖွဲ့စည်းထားပြီး ဒုဥက္ကဋ္ဌ ကိုသန့်ဇင်မှ ကော်မတီကို တာဝန်ယူဆောင်ရွက်လျက် ရှိသည်မှာ Semester တစ်ပိုင်းမျှ ရှိပြီဖြစ်သည်...။ ယခု ဒုတိယ Semester ပြန်ဖွင့်ချိန် ကိုသန့်ဇင် နှင့် ကျောင်းအုပ်ဆရာကြီးတို့ တွေ့ရာတွင် ကျောင်းအုပ်ဆရာကြီး မှ ကျောင်းအတွက် E-Library ဖြစ်ပေါ်ရန် ၀န်ကြီးဌာနသို့ စာတင်ပေးမည်၊ မကြာမီဖြစ်လာနိုင်သည်ဟု အသိပေးခဲ့သည်။
ရမည်းသင်းနည်းပညာတက္ကသိုလ်သည် ၁၉၉၉ခုနှစ်တွင် အစိုးရစက်မှုလက်မှု သိပ္ပံ အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၉-၂၀၁၀ခုနှစ်များတွင် နည်းပညာ တက္ကသိုလ် အဆင့်အထိ အဆင့်တိုးမြှင့် သတ်မှတ်ထားသော်လည်း စာကြည့်တိုက်မှာ ဖွင့်လှစ်ပေးခြင်း မရှိသည့်အတွက် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းပြီးသည့်အချိန်မှ စ၍ စာကြည့်တိုက် ဖွင့်ပေးရန် တောင်းဆိုမှု များ ပြုလုပ်ခဲ့ရသည်။
သို့သော် စာကြည့်တိုက်အတွက် အဆောက်အဦ မရှိခြင်း၊ စာအုပ်များ မရှိခြင်း၊ ပရိဘောဂ မရှိခြင်း၊ ဘဏ္ဍာငွေ မရှိခြင်း၊ ၀န်ထမ်းချထားပေးမှု မရှိခြင်းများကြောင့် ဖွင့်လှစ်ပေးနိုင်ခြင်း မရှိဖြစ်နေပါသည်။ သို့ဖြစ်၍ ၂၀၁၂-၂၀၁၃ ပညာသင်နှစ် နှစ်စတွင် တ.က.သ နှင့် တက္ကသိုလ်အာဏာပိုင် တို့ ညှိနှိုင်းမှုဖြင့် စာကြည့်တိုက်ဖြစ်မြောက်ရေးကော်မတီ ကို ဖွဲ့စည်းကာ သမဂ္ဂကျောင်းသားများမှ စာကြည့်တိုက်အား ဖွင့်လှစ်ပေးလျက် ရှိသည်။
နှစ်စဉ် ကျောင်းအပ်စဉ်က ကျောင်းသားတစ်ဦးလျှင် စာကြည့်တိုက်ကြေး (၃၀၀) ပေးသွင်းကြရသော်လည်း အဆိုပါ စာကြည့်တိုက်ရံပုံငွေများကို စာကြည့်တိုက်အတွက် ပြန်လည်အသုံးချခြင်း မရှိပါ။
-----------------------------------------------------
ယခင် စစ်အစိုးရ၊ ပြန်ကြားရေးဝန်ကြီးဌာန၀န်ကြီး ဗိုလ်ကျော်ဆန်း လက်ထက် နိုင်ငံအ၀ှမ်း ကျေးရွာကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များ ထူထောင်ရမည်ဟု ၀ါဒဖြန့်လုံ့ဆော်ပြီး ၎င်း၏ ပြန်ကြားရေးဌာနများမှ လည်း စာကြည့်တိုက် မည်မျှအရေးပါကြောင်း နေ့စဉ် ပညာပေးလျက်ရှိသည်။
ကျေးရွာရွပ်ကွက်များအတွင်းတွင်လည်း ရက်ကွက်အုပ်ချုပ်ရေးမှူးများမှ စာကြည့်တိုက်အတွက်ဟု ခေါင်းစဉ်တပ်ကာ တစ်အိမ်လျှင် (၅၀၀) အနည်း ဆုံးဖြင့် ခွဲတမ်းများ ချမှတ်ကောက်ခံခဲ့သော်လည်း အမှန်တကယ်တွင် စာကြည့်တိုက်များ ဖြစ်ပေါ်မလာခဲ့ဘဲ စာရင်းပျောက်ခဲ့ရသည်က များသည်။ ဖွင့်လှစ်ပြီး စာကြည့်တိုက်များတွင်လည်း ထိန်းသိမ်းစောင့်ရှောက်မည့်သူ မရှိ ပျက်ဆီးသွားသည်သာများသည်။ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးမှ ဖွင့်လှစ်သော စာကြည့်တိုက်များမှာလည်း အမှန်တကယ် စာပေများ လွတ်လပ်စွာ လေ့လာဆည်းပူးနိုင်ခြင်း မရှိဘဲ ၎င်းတို့၏ ၀ါဒဖြန့် စာပေ များသာ ထားရှိပေးသည်။
------------------------------------------------------
စာကြည့်တိုက်တစ်ခုသည် ပညာရေး၏ အဓိကမဏ္ဍိုင်ဖြစ်သည် နှင့်အညီ သာမန်စာကြည့်တိုက်တစ်ခုပင် ဖွင့်လှစ်ပေးနိုင်ခြင်းမရှိသော တက္ကသိုလ် တွင် E-Library ဖြစ်လာနိုင်သည်ဟူသော စကားမှာ စဉ်းစားစရာဖြစ်သည်။
အမှန်တကယ်ဖြစ်လာနိုင်ပါစေဟုသာ မျှော်လင့်ရပါမည်။
အကယ်၍ E-Library တစ်ခု တည်ထောင်ပေးနိုင်မည်ဆိုပါက အဆိုပါ စာကြည့်တိုက်သည် ကျောင်းသားတိုင်း လွတ်လပ်စွာ ၀င်ထွက်အသုံးပြုနိုင် မည်လော၊ တက္ကသိုလ်မှ မည်မျှအထိ ၀န်ဆောင်မှု ပေးနိုင်မည်ကို မေးခွန်း ထုတ်စရာဖြစ်ပါသည်။
---------------------------------------------------------
ရမည်းသင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ

Thomas Alva Edison က လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တာ ညအခါမှာ အလင်းရောင်ရဖို့ပါ . . .

နည်းပညာတက္ကသိုလ်(ရမည်းသင်း)မှာ ကိုယ်ပိုင် ထရန်စ်ဖော်မာ ရှိတယ်။ တစ်ကျောင်းလုံးစာ လျှပ်စစ် အလုံအလောက် ထုတ်ပေးနိုင်တဲ့ ဧ၀ရတ် အမှတ်တံဆိ...ပ် မီးစက်ကြီးလည်း ရှိတယ်။ ဒါပေမယ့် မြို့ထဲမှာ လျှပ်စစ်မီးပျက်ရင် ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီးလည်း မီးပျက်တယ်။ မြို့ထဲမှာ မှောင်သလို ကျွန်တော်တို့ရဲ့ ကျောင်းတော်ကြီး လည်း မဲမဲမှောင်တယ်။ မီးစက်ကြီးရှိလည်း အစိုးရက ဆီထုတ်မပေးဘူး ထင်ပါရဲ့။ ကျောင်းသားတွေ အရောင်ပြ တစ်နှစ်စာ practical လုပ်ဖို့အတွက် practicalချိန် လျှပ်စစ်မီးပျက်နေလို့ မလုပ်ရပြန်ဘူး။ ကျောင်းမှာ မီးစက် ကြီး ရှိလည်း ဘယ်တော့မှ မမောင်းဘူး။ *ဧ၀ရတ် ဆိုတဲ့ မီးစက်ကြီးက အဲဗားရပ် ထားတယ်*။ ကွန်ပြူတာချိန် ကွန်ပြူတာ စကရင်မ် လေးမြင်ရဖို့ မီးပျက်နေလို့ မကြည့်ရပြန်ဘူး။ ညအခါ ကျောင်းတော်ကြီးမှာ မီးလာလည်း မှောင်တယ်၊ မီးမလာလည်း မှောင်တယ်။ မှောင်ခိုလုပ်ငန်း လုပ်တဲ့နေရာလားမှတ်ရ။ သာမတ်စ်အေအက်ဒီဆင် လျှပ်စစ်မီးလုံးကို တီထွင်ခဲ့တာ ကမ္ဘာကြီးကို ညမှာ အလင်းရောင် ပေးဖို့ပါ . . . အက်ဒီဆင် က သူရဲ့ နည်းပညာ နဲ့ ကမ္ဘာကြီးကို အလင်းရောင်ပေးခဲ့တယ်. . . ပညာအရောင်နဲ့ တိုင်းပြည်ကို အလင်းပေးရမယ့် ကျွန်တော်တို့ရဲ့ နည်းပညာတက္ကသိုလ် ကျောင်းတော်ကြီး ... လျှပ်စစ်မီးလုံးတွေ တပ်ထားပါလျက် ဘာကြောင့် မှောင်နေရ တာလဲ..? တက္ကသိုလ်ရဲ့ ရှေ့မျက်နှာစာ မိန်းပေါက်အနီး နည်းပညာတက္ကသိုလ်(ရမည်းသင်း)ရဲ့ တစ်ခုတည်း သော ကြက်သရေဆောင် ဆိုင်းဘုတ်ကြီးကို ဘာကြောင့် လမ်းဘေးအမှောင်ထဲမှာ ပစ်ထားရတာလဲ ... မတော်လို့များ ကားတိုက်သွားရင် သနားစရာ ... လမ်းမီးတိုင် အမြင့် ပေ(၃၀)မှာ ၀ပ်(၂၆) မီးလုံးလေးတွေ တပ်ထားတယ်။ မီးက ဓါတ်တိုင်ပေါ်တင် ထွန်းတာလား..? ဓါတ်တိုင် (၈)တိုင်ရှိတာ (၄)တိုင်က မထွန်းဘူး . . . နိုင်ငံတော်ကြီး အမြန် ဖွံ့ဖြိုးတိုးတက်အောင် ချွေတာရေးစနစ် ကျင့်သုံးနေတယ်ထင်ပါရဲ့ ... အို … ရှုပ်တယ် ဟိုလူကြီးပြောသလို ထမင်း(၁)နပ်ပါ လျှော့စားလိုက် ပြီးရော ... ။ *(Everest to Ever rest)*

Friday, May 17, 2013

လွိုင်ကော်ကျောင်းက ဆရာမတစ်ဦးရဲ့ ရင်ဖွင့်စာ...

ကျနော် လွိုင်ကော် ကျောင်းက ဆရာမ တယောက်ပါ .. အဆောင်ကနေ မောင်းချခံနေရတယ် သူငယ်ချင်းတို့ရေ .. မနေ့တနေ့ကမှအလုပ်ထဲရောက်တဲ့သူက အခန်းရမတဲ့.. ပြောတာတော့ အမှတ်စာရင်းနဲ့ အခန်းချပေးတာတဲ့လေ.. လုပ်သက်က တနှစ်ကို တမှတ် .. ရာထူးက သ၇ုပ်ပြဆို ၃မှတ် .. နည်းပြဆို ၄မှတ် .. လက်ထောက်ကထိက ၅မှတ်.. ကထိက ၇မှတ်.. အိမ်ထောင်ရှိရင...် ငါးမှတ် .. ကလေးတယောက်ကို သုံးမှတ် ..အိမ်ထောင်ဖက်လိုက်နေရင် ၅မှတ် တဲ့ .. ဒါပေမယ့် ငါတို့ကျောင်းကလူကြီးတွေက အတွက်အချက် ညံ့တယ် .. ၁၅ မှတ်က ၉မှတ်ထက်နည်းတယ်တဲ့လေ... သူတို့လုပ်ပုံနဲ့ အိမ်ကမဆင်းရအောင် ကလေး၃ယောက်လောက်ပါတဲ့သူပဲ အခု ချက်ချင်းကောက်ယူရတော့မလိုလို .. စိတ်ညစ်တယ် လုပ်ကျအုံး လုပ်သက်ကြောင့် အမှတ်များတာ မစဉ်းစားပေးတော့ ဘူး နေကိုမနေချင်တော့ပါဘူး ဒီကျောင်းမှာ.... ----------------------------------------------------------------- ပညာရေးစနစ် ကမောက်ကမနိုင်မှုရဲ့ ပြယုဂ်တစ်ခုအဖြစ် မြင်ပါသည်။ စာဖတ်သူ မိတ်ဆွေတို့ရဲ့ အမြင်ကို ထပ်မံသိလိုပါသည်။ လက်ရှိပညာရေးစနစ်အပေါ်သမဂ္ဂ၏ လေ့လာသုံးသပ်ချက်အတွက် အထောက်အကူဖြစ်စေရန် အလို့ငှာ ကူညီအကြံပြုပေးကြပါရန်...

ဗကသ ဖွဲ့စည်းခြင်း (၇၇)နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ သမဂ္ဂ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်

ရန်ကုန်-ယနေ့ မေလ(၁၀)ရက်နေ့တွင် ကျရောက်သော ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ (ဗကသ) ဖွဲ့စည်းခြင်း (၇၇)နှစ် ပြည့် အထိမ်းအမှတ် ခေတ်အဆက်ဆက် ဗကသ မျိုးဆက် များ တွေ့ဆုံပွဲ အခမ်းအနားသို့ ရမည်းသင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ မှ ဗဟိုအလုပ်..အမှုဆောင်(၃)ဦးတက်ရောက်ခဲ့သည်။ အခမ်းအနားတွင် ခေတ်အဆက်ဆက်က ကျောင်းသားလှုပ်ရှားမှုများတွင် ဦးဆောင်ခဲ့ကြသည့် ဗကသ မျိုးဆက်ကျောင်းသားကြီးများမှ ၎င်းတို့၏ ကျောင်းသားဘ၀ ဖြတ်သန်းတွေ့ကြုံရပုံများကို အကျယ်တ၀င့် ရှင်းလင်း ပြောကြားသွားခဲ့ပြီး မျိုးဆက်သစ် ဗကသ ကျောင်းသားများ နှင့် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အခမ်းအနားသို့ ရမည်းသင်းနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကိုယ်စားလှယ်များအဖြစ် ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ နှင့် အတွင်းရေးမှူး တို့ တက်ရောက်ခဲ့ကြသည်။ သတင်းနှင့်ပြန်ကြားရေး နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရမည်းသင်း။ မေလ(၁၀)ရက်၊ ၂၀၁၃ခုနှစ်။