Monday, July 7, 2014

်ရမည်းသင်းနည်းပညာတွင် စာပေဟောပြောပွဲ ကျင်းပမည်

နည်းပညာတက္ကသိုလ်(ရမည်းသင်း) ကျောင်းသားကျောင်းသူများ ဦးစီး၍ ပထမဆုံးအကြိမ် စာပေဟောပြောပွဲ ကျင်းပမည်
 
ဇူလိုင် ၇၊ ၂၀၁၄

ရမည်းသင်းနည်းပညာတက္ကသိုလ်ကျောင်းသားကျောင်းသူများ ဦးဆောင်၍ `စာဖတ်ရှိန်မြှင့်တင်ရေး နှင့် အသိပညာဗဟုသုတ မြင့်မားရေး´ အတွက် ရည်ရွယ်သော စာပေပေဟောပြောပွဲ ကို ဇူလိုင်(၈)ရက်နေ့တွင် တက္ကသိုလ် ပရ၀ုဏ်အတွင်း၌ ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

စာပေဟောပြောပွဲဖြစ်မြောက်ရေးအတွက် ကော်မတီတစ်ရပ်ကို ကျောင်းသား ကျောင်းသူများဖြင့် စုဖွဲ့ထားပြီး၊ စာပေ၊ အနုပညာ နှင့် ယဉ်ကျေးမှု အသင်း - နည်းပညာတက္ကသိုလ်(ရမည်းသင်း)မှ ဆရာဆရာမများ၏ ကြီးကျပ်မှုဖြင့် စာပေ
ဟောပြောပွဲအား ကျင်းပသွားမည် ဖြစ်သည်။

စာပေဟောပြောပွဲတွင် ဆရာမောင်စိန်ဝင်း(ပုတီးကုန်း) နှင့် ဆရာအော်ပီကျယ် (ကာတွန်း) တို့မှ ကျောင်းသားကျောင်းသူများနှင့်စာပေကို ချစ်မြတ်နိုးကြသော မိဘပြည်သူများကို စာပေဗဟုသုတများဖြင့် ဟောပြောမျှဝေပေးမည် ဖြစ်သည်။

စာပေဟောပြောပွဲ ကျင်းပမည့် အချိန်အား ညနေ(၃း၀၀)နာရီမှ (၇း၀၀)နာရီ အထိ (၄း၀၀)နာရီတိတိ သတ်မှတ်ထားပြီး ဟောပြောမည့် စာရေးဆရာ များနှင့် ကျောင်းသားကျောင်းသူများအကြား အပြန်အလှန် အမေးအဖြေ ကဏ္ဍများကိုပါ ထည့်သွင်း စီစဉ်ထားပါသည်။

သို့ဖြစ်၍ ကျောင်းသားကျောင်းသူ လူငယ်များနှင့် စာပေကို ချစ်မြတ်နိုးကြသူ တိုင်း ကျွန်ုပ်တို့ စီစဉ်ကျင်းပအပ်သော စာပေဟောပြောပွဲသို့ တက်ရောက်၍ စာပေဗဟုသုတများ မျှဝေခံစားနိုင်ကြပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

(မူလက ကျင်းပမည့်နေရာအား ရမည်းသင်းမြို့၊ သာသနာ့ဗိမာန်ကြီးတွင် စီစဉ်ထားသော်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ခွင့်မပြုခဲ့သဖြင့် ကျောင်းဝန်းအတွင်း ကျင်းပရန် စီစဉ်ခဲ့ရပါသည်။ ယခုကဲ့သို့ နေရာအပြောင်းအလဲ ဖြစ်သွားသည်ကိုလည်း ကြိုတင်၍ အသိပေး ကြေညာခဲ့ပြီး ဖြစ်ပါသည်။)

သတင်းနှင့်ပြန်ကြားရေး
နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ



ရမည်းသင်းမြို့။

(၅၂)နှစ်မြောက် ၇ ဇူလိုင် အရေးတော်ပုံ အတွက်ရမည်းသင်းနည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ သ၀ဏ်လွှာ


Technological University Students’ Union of Yamethin
&rnf;oif;enf;ynmwuúodkvfausmif;om;rsm;or*¾
7 Zlvdkif ausmif;om;ta&;awmfyHk (52)ESpfjynfh txdrf;trSwf o0PfvTm
Zlvdkif (7)&uf? 2014ckESpf/
,aeYwGifusa&mufaom 7Zlvdkif ausmif;om;ta&;awmfyHk (52)ESpfjynfh txdrf;trSwf taejzifh uREfkyfwdkY &rnf;oif;enf;ynmwuúodkvfausmif;omrsm;or*¾ rS þ o0PfvTmtm; ay;ydkYvdkufonf/ uREfkyfwdkY taejzifh b,faomtcgrQ arhazsmufí &rnfr[kwfaom 7Zlvkdif ta&;awmfyHkonf ,aeYqdkvQif (52)ESpfwif;wif; jynfhajrmufcJhNyDjzpfonf/
7 Zlvdkif ta&;awmfyHkonf Armjynf\ ordkif;wGif ppftmPm&Sifpepfqdk;udk ausmif;om; ausmif;olrsm;u yxrOD;qHk;taejzifh tHkMuGqefYusifcJhonfhaeY jzpfouJhodkY ArmhvGwfvyfa&; armfuGef;0if ausmif;om;or*¾ taqmuftODBuD;udkyg rdkuf&l;&JqefpGm NzdcszsufqD;cHcJh&onfh aeYvnf;jzpfonf/ wenf;qdk&aomf tmPm&Sif ppfrdp°mwdkY\ o&kyfoueftrSefudk ausmif;om; ausmif;ol wpf&mausmfu 4if;wdkY\ toufaoG;acR;rsm;ESifh &if;um tapmvsifqHk; xkwfazmf jyocJhonfhaeY jzpfayonf/
,aeYtcg 7Zlvkdif ta&;awmfyHk jzpfyGm;cJhonfrSm (52)ESpfwdkifcJhNyD jzpfaomfvnf; xdkaeY xdktcsdefu uREfkyfwdkY\ aemifawmfausmif;om;&Jabmfrsm; arQmfvifhawmifhwcJhonfh 'Drdkua&pD vlYtcGifhta&;? jynfwGif;Nidrf;csrf;a&; ESifh uarmufurynma&;pepf zsufodrf;a&; wdkYrSm ,aeY tcsdefxd atmifjrifrI r&&Sdao;onfudk awGY&Sd&rnf/ ppfwpfydkif;tpdk;&onf 4if;wdkY yg;pyfzsm;rS ]'Drdkua&pD} qdkonfh pum;vHk;udk toHaumif;[pf aMuG;aMumfaeaomfvnf; vufawGYwGifrl 4if;wdkY\ vkyf&yfrsm;rSm ]'Drdkua&pD} ESifh vm;vm;rQ roufqkdifaMumif; uREfkyfwdkY ausmif;om; rsm;\ vGwfvyfpGm or*¾zGJYpnf;cGifhudk ydwfyifwm;qD;aejcif;ESifh ausmif;om;or*¾ taqmuf tOD jyefvnfwnfaqmufcGifh r&ao;jcif;wdkYu oufaoxlvsuf&Sdonf/
uREfkyfwdkYtaejzifh vGefcJhonfh (52)ESpfwmumvu aemifawmfausmif;om;rsm; touf ay;awmif;qdkcJhMuonfh 'Drdkua&pD(tppf)&&Sda&;? vlYtcGifhta&; tjynfht0&&Sda&;? 'Drdkua&pD ynma&;pepf taumiftxnfazmf aqmif&Gufa&; ESifh jynfwGif;Nidrf;csrf;a&; &&Sda&;wdkYtwGuf 7 Zlvkdif pdwf"gwfjzifh qufvufcsDwuf wdkufyGJ0ifoGm;Mu&rnf jzpfonf/
txl;ojzifh uREfkyfwdkY vdkvm;awmifhwvsuf&Sdaom 'Drdkua&pDynma&;pepf &&Sda&; &nfrSef;csufrsm;ESifh zDvmqefYusifNyD; tpdk;&rS a&;qGJxm;&Sdaom ]trsdK;om;ynma&;Oya'}udk ausmif;om;? q&m? rdbjynfol 'Drdkua&pDvdkvm;ol taygif;wdkYESifh yl;aygif;um 0dkif;0ef;qefYusif wdkufzsufoGm;rnfjzpfaMumif; (52)ESpfjynfh 7Zlvkdifta&;awmfyHkaeY o0PfvTmrSwqifh opöm t"d|mefjyKvdkuf&ygonf/
&rnf;oif;enf;ynmwuúodkvfausmif;omrsm;or*¾

Friday, June 13, 2014

စစ်အစိုးရလက်ထက် ချမှတ်ခဲ့သော တင်းကျပ်သည့် ကျောင်းစည်းကမ်းများ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တစ်ကျော့ပြန် ကျင့်သုံးမည်

June 11, 2014

နည်းပညာတက္ကသိုလ်(ရမည်းသင်း)တွင် ဂျွန်လ (၉)ရက် နေ့စွဲဖြင့် ကျောင်းသားများ လိုက်နာရန် စည်းကမ်းချက်အသစ်များကို ဂျွန်လ (၁၀) )ရက်နေ့က တရားဝင် ထုတ်ပြန်ကြေညာလိုက်သည်။

ကြေညာချက်တွင် ၂၀၁၄ ခုနှစ်၊ မေလ၂၈ ရက် သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေး (၈/၂၀၁၄) သဘောတူ ဆုံးဖြတ်ချက်အရသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများ အားလုံး ရှိ ကျောင်သားများ လိုက်နာရမည်ဟု ပါရှိသော်လည်း ကြေညာချက်အား နည်းပညာတက္ကသိုလ် (ရမည်းသင်း) ကျောင်းအုပ်ကြီး မှ လက်မှတ်ရေးထိုး ထုတ်ပြန်ထားသည်ကို တွေ့ရှိရသည်။

ကြေညာချက်တွင် စည်းကမ်း ထိန်းသိမ်းရေးဆိုင်ရာ ပြစ်မှုများအဖြစ် နိုင်ငံရေးဆူပူမှုဆိုင်ရာ ပြစ်မှုပြစ်ဒဏ် များ အပါအ၀င်၊ အကျင့်စာရိတ္တ ပျက်ပျားမှု ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ နှင့် ကျောင်းစည်းကမ်း ဖောက်ဖျက်မှု ဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များကို ထည့်သွင်းဖော်ပြ ထားသည်။

စည်းကမ်းချက်များ နှင့် ပြစ်မှုပြစ်ဒဏ်များ အားလုံးသည် စစ်အစိုးရ လက်ထက်က ကျောင်းသား/သူများ ငြိမ်ဝပ်ပိပြားစေရန် ရည်ရွယ် ထုတ်ပြန်ခဲ့သည့် အမိန့်များ ဖြစ်နေပြီး ပြစ်ဒဏ်အများစုမှာလည်း ကျောင်းသားအား ကျောင်းမှထုတ်ပစ် မည်ဟု ပြင်းထန်စွာ သတိပေးထုတ်ပြန် ထားသည်ကို တွေ့ရသည်။

ထို့ပြင် စည်းကမ်းချက်များနှင့် ပတ်သက် တာဝန်ရှိသူများမှ ကျောင်းသား/သူများ အား စာသင်ခန်းများ အတွင်း လိုက်လံ ရှင်းပြရာတွင် နံပါတ်(၁) အနေဖြင့် ကျောင်းသားများ နိုင်ငံရေးမလုပ်ရ၊ နိုင်ငံရေးလုပ်လျှင် ခေါင်းဆောင်ဖြစ်စေ၊ နောက်လိုက်ဖြစ်စေ ကျောင်းမှ ရာသက်ပန် ထုတ်ပယ်ပစ်မည် ဟု အဓိကထား ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။



ကြေညာချက်နှင့် ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ အခြားသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် ထုတ်ပြန်ခြင်း မရှိသေးဘဲ နည်းပညာတက္ကသိုလ်(ရမည်းသင်း)တွင် ပထမဦးဆုံး အနေဖြင့် စတင်ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။ 

သတင်းပြန်ကြားရေး
နည်းပညာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ၊ ရမည်းသင်းမြို့။

ဆက်သွယ်ရန် -
ဖုန်း 09 31970140 , 09 420762213, 09 33555166





Saturday, May 24, 2014

ကျောင်းသား အရိုက်ခံရမှု စုံစမ်းစစ်ဆေးအရေးယူပေးဖို့ ဗ-က-သ တောင်းဆို

မေလ ၁၅၊ ရန်ကုန် -
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်မှာ ၁၄.၅.၂၀၁၄ နေ့ လယ်သမားသပိတ်ကို အကြမ်းဖက် ဖြိုခွဲရာမှ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ရိုက်နှက်တာကိုခံခဲ့ရတဲ့ တောင်ငူ တက္ကသိုလ်ကျောင်းသား ဗ-က-သ အဖွဲ့ဝင် ကိုကောင်းထက်ကျော်ရဲ့ဖြစ်စဉ် နဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကို ဖော်ထုတ်အရေးယူပေးဖို့ ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် က တောင်းဆိုလိုက်ပါ တယ်။








ရန်ကုန်မြို့၃၈လမ်း(လယ်)ရှိ The Wings Capacity Building School မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲတွင် ဗမာနိုင်ငံ လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကိုကျော်ကိုကို က ယခုလို တောင်းဆိုခဲ့တာပါ။

"ရွာအဝင်လမ်းမှာရှိတဲ့ ဘုန်းကြီးကျောင်း နားမှာ ရဲအင်အား ၃ဝ လောက်ကနေပြီး ပိတ်ဖမ်းပြီးတော့ ဘာဖမ်းဝရမ်းမှမပါပဲနဲ့ ဖမ်းချင်လို့ဖမ်းတယ်ဆိုတဲ့ အနေအထားနဲ့ တုတ်နဲ့ဝင်ရိုက်တာဖြစ်တယ်၊ သူ့ရဲ့နဖူး မှာရှိတဲ့ ဒဏ်ရာဟာချုပ်လို့လည်းမရဘူး၊ အဲ့ဒါကို ကျနော်တို့ အရက်ပြန်နဲ့ပဲ ဆေးပြီးတော့ နဖူးကို အုပ်ထားရတယ်၊ အရမ်းလည်းနေပူတဲ့ကာလမှာ ခေါင်းထိ ထားတာမို့လို့ အမြန်ဆုံးကောင်းစေ ချင်တယ်" လို့ ကိုကျော်ကိုကို က ဆိုပါ တယ်။

ဗကသအဖွဲ့ချုပ်အနေနဲ့ မေ ၁၆ရက်နေ့မှာ သဲကုန်းမြို့သပိတ်စခန်းကို သွားရောက် ပြီး စုံစမ်းမှုတွေ လုပ်မှာဖြစ်သလို သဲကုန်း သပိတ်စခန်း မဖျက်သိမ်းရေးနဲ့ ဖမ်းဆီးခံ ထားရတဲ့ သပိတ်ခေါင်းဆောင်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုသွား မှာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဗကသအဖွဲ့ဝင် ကိုကောင်းထက်ကျော် အရိုက်ခံခဲ့ရတာနဲ့ပတ်သက်ပြီး တစ်နိုင်ငံ လုံးရှိ ဗ-က-သကျောင်းသားတွေကလည်း ၀ိုင်းဝန်း ရှုတ်ချ ကန့်ကွက်နေကြတာပါ။

မေ၁၄ရက်နေ့က သဲကုန်းမြို့မှာ ဖမ်းဆီးခံ ထားရတဲ့ သဲကုန်းသပိတ်စခန်း ခေါင်းဆောင် လယ်သမား ကိုပေါက်စ ကိုပြန်လွှတ်ပေးဖို့အတွက် လယ်သမား တွေ ဆန္ဒပြပြီးအပြန်မှာ ရဲတပ်ဖွဲ့ဝင်တွေ က ရိုက်နှက်ခဲ့တာကြောင့် လယ်သမား များကို အကူအညီပေးနေတဲ့ ဗ-က-သ ကျောင်းသား ကိုကောင်းထက်ကျော် ဒဏ်ရာရခဲ့သလို လယ်သမား ၂ ဦးလည်းအဖမ်းခံ ခဲ့ရပါတယ်။

စစ်တပ်ကသိမ်းယူခဲ့တဲ့ သဲကုန်းမြို့နယ် အောင်ကုန်း၊ သင်တော၊ ကဇွန်းအင်း၊ ယင်းတိုက်တန်းနဲ့ နှောကုန်းကျေးရွာ ၅ ရွာက လယ်မြေဧက ၅ ထောင်ကျော်ကို ပြန်လည်ရရှိဖို့ ပြီးခဲ့တဲ့ ဖေဖ၀ါရီလထဲက လယ်သမားတွေဟာ သပိတ်စခန်းဖွင့် တောင်းဆိုနေတာဖြစ်ပါတယ်။
~~~~~~~~~~~~~~~~
သတင်းပြန်ကြားရေး
ရမည်းသင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ
၁၆.၅.၂၀၁၄
Photo: ABFSU CWC Facebook

Monday, January 6, 2014

လက်တွေ့ကျသောပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီ ၏ လုပ်ဆောင်ချက်များအပေါ် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် National Network for Education Reform (NNER) ၏ သဘောထားထုတ်ပြန်ကြေညာချက်




လက်တွေ့ကျသောပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီ ၏ လုပ်ဆောင်ချက်များအပေါ် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် National Network for Education Reform (NNER) ၏ သဘောထားထုတ်ပြန်ကြေညာချက်
××××××××××××××××××××××××××
NNER-ပညာရေးမူဝါဒညှိနှိုင်းရေးအဖွဲ့
၂၀၁၄၊ ဇန်န၀ါရီလ၊ ၅ ရက်

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ၏ ပညာရေးမူဝါဒညှိနှိုင်းရေးအဖွဲ့တွင် ပါဝင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပညာရေးကွန်ရက်၊ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့ အစည်း၊ ကျောင်းသားသမဂ္ဂများ၊ တက္ကသိုလ်ဆရာ/ဆရာမအသင်းများ၊ တိုင်းရင်းသားပညာရေး၊ စာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ အခြားပညာရေးအဖွဲ့အစည်းများနှင့် Thinking Classroom Foundation မှ အဖွဲ့ဝင်များသည် အင်းစိန်ခရစ်ယာန်ဓမ္မတက္ကသိုလ်တွင် စုဝေးတိုင်ပင်၍ အောက်ပါသဘောထားကြေညာချက်ကို ထုတ်ပြန်လိုက်သည်။

၁။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)သည် ၂၀၁၂၊ အောက်တိုဘာလမှ စ၍ မြန်မာနိုင်ငံဒေသအသီးသီးတွင် ပညာရေးနှင့်သက်ဆိုင်သူများအား ဖိတ်ကြားပြီး ပညာရေးဆွေးနွေးပွဲ များ အကြိမ်ကြိမ်ကျင်းပခဲ့ပြီးနောက် ၂၀၁၃၊ ဇွန်လတွင် ရန်ကုန် မျက်မမြင်ကျောင်း၌ နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံတစ်ရပ် ကျင်းပခဲ့သည်။ အဆိုပါညီလာခံတွင် မြန်မာနိုင်ငံဒေသအသီးသီးရှိ ပညာရေး၊ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာကိုယ်စားလှယ်များ၊ ပညာရှင်များအပါအ၀င် ညီလာခံတက်ရောက်သူ (၁၂၀၀)ကျော်တို့သည် မြန်မာနိုင်ငံ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအတွက် ပညာရေးမူဝါဒဆိုင်ရာ အကြံပြုချက်များ တင်ပြဆွေးနွေးအတည်ပြုခဲ့ကြသည်။

၂။ အထက်ပါ ဆွေးနွေးအတည်ပြုချက်များကို အခြေခံလျက် NNER၏ ပညာရေးမူဝါဒညှိနှိုင်းရေးအဖွဲ့သည် “အမျိုးသားပညာရေးမူဝါဒ (မူကြမ်း)” ကို ရေးဆွဲပြီး နိုင်ငံတော်သမ္မတထံသို့လည်းကောင်း၊ လွှတ်တော်နှစ်ရပ်၏ ဥက္ကဌများနှင့် ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီသို့လည်းကောင်း ၂၀၁၃၊ ဇွန်လ(၁၈)ရက်နေ့ကတည်းက တင်သွင်းထားခဲ့ပြီးဖြစ်သည်။

၃။ နိုင်ငံတော်သမ္မတ၏ဖိတ်ကြားချက်အရ NNER ၏ ကိုယ်စားလှယ်များသည် နိုင်ငံတော်သမ္မတနှင့်တကွ သမ္မတရုံးဝန်ကြီးများ၊ ပညာရေးဌာနများ၏ ညွှန်ကြားရေးမှူးများနှင့် ၂၀၁၃၊ ဇူလိုင်လ(၁၃)ရက်နေ့တွင် တွေ့ဆုံပြီး NNER ၏ အမျိုးသားပညာရေးမူဝါဒကို တင်ပြခဲ့သည်။

၎။ ပြည်သူ့လွှတ်တော် ပညာရေးမြှင့်တင်မှုကော်မတီ၏ ဖိတ်ကြားချက်အရ NNER၏ ကိုယ်စားလှယ်များသည် ပြည်သူ့လွှတ်တော် အဆောက်အဦးတွင် ၂၀၁၃၊ နိုဝင်ဘာလ (၅)ရက်မှ (၇)ရက်နေ့အထိ ပထမအကြိမ်၊ ၂၀၁၃၊ နိုဝင်ဘာလ (၁၃) ရက်နှင့် (၁၄)ရက်နေ့များ တွင် ဒုတိယအကြိမ်၊ အမျိုးသားပညာရေးဥပဒေဆိုင်ရာဆွေးနွေးပွဲတွင် NNER၏ အမျိုးသားပညာရေးမူဝါဒကို တင်ပြခဲ့ကြသည်။

၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌဒေါ်အောင်ဆန်းစုကြည်က NNER၏ အမျိုးသားပညာရေးမူဝါဒ(မူကြမ်း)သည် ပြည်သူလူထု၏ အကြံဥာဏ်ဖြင့် ရေးဆွဲထားသည့်မူဝါဒဖြစ်၍ NLD မှ လက်ခံသော မူဝါဒလည်းဖြစ်ကြောင်း ပြောကြားပြီး အဆိုပါမူဝါဒ(မူကြမ်း)ကို အခြေခံ၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရမည်ဖြစ်ကြောင်း အကြံပေးခဲ့သည်။

၆။ နိုင်ငံတော်သမ္မတရုံးမှ ဦးဆောင်ပြုလုပ်သည့် “လက်တွေ့ကျသောပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီ” သည် အစိုးရနှင့် နီးစပ်သူလူတစ်စုသာ ပြုလုပ်ထားသည့်ကော်မတီဖြစ်၍ ပြည်သူလူထုကို ကိုယ်စားမပြုကြောင်း တွေ့ရှိရသည်။

၇။ အစိုးရနှင့် ပညာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော်နေသော အမျိုးသားပညာရေးမူဝါဒရေးဆွဲရေးလုပ်ငန်းစဉ်များတွင် လက်တွေ့ ပညာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ကျောင်းသူ/ကျောင်းသားများ၊ တိုင်းရင်းသားများ၊ သာသနာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ အပါအဝင် နိုင်ငံသားများ နားလည်သဘောတူလက်ခံလာစေရန် ကြိုးပမ်းအားထုတ်မှု အားနည်းနေသည့်အပြင် ပွင့်လင်းမြင်သာမှုလည်းမရှိဖြစ်နေသည်ကို တွေ့ရသည်။

၈။ အဆိုပါ “လက်တွေ့ကျသောပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီ”မှ ဖြန့်ဝေသော စာရွက်စာတမ်းများတွင် ပါဝင်သည့် “၂၀၁၄ ခုနှစ်အမျိုးသားပညာရေးဥပဒေ(မူကြမ်း)” အခန်း(၂)ပါ ပညာရေးရည်မှန်းချက်များကိုဖော်ပြရာ၌ “မြန်မာအမျိုးသားစရိုက်လက္ခဏာများကို အခြေခံ၍ အတွေးအခေါ်၊ အယူအဆမှန်ကန်သော နိုင်ငံသားကောင်းများ ဖြစ်ထွန်းအောင် လေ့ကျင့်ပျိုးထောင်ပေးရန်” ဟုပါရှိသည်။ ဤဖော်ပြချက် သည် နိုင်ငံသားများ၏လွတ်လပ်ခွင့်ကို ချုပ်ခြယ်ရာ၌ အတွေးအခေါ်ကိုပါ ချုပ်ကိုင်လိုပြီး အုပ်ချုပ်သူတို့၏ အတွေးအခေါ်အတိုင်း နိုင်ငံသားများ ကို တွေးခေါ်စေလိုကြောင်းတွေ့ရှိရသည်။ NNER အနေဖြင့် ဤအချက်ကို လက်မခံနိုင်ပါ။ NNER သည် နိုင်ငံသားများ လွတ်လပ်စွာ တွေးခေါ်၍ နိုင်ငံဖွံ့ဖြိုးရေးကိစ္စများတွင် လွတ်လပ်စွာ ပါဝင်ခွင့်ကို တောင်းဆိုသည်။ ထို့ပြင် “မြန်မာအမျိုးသားစရိုက်လက္ခဏာများကိုအခြေခံ၍.…” ဟု ဖော်ပြချက်ကိုလည်း လက်မခံနိုင်ပါ။ မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်သည့် နိုင်ငံဖြစ်ရာ တိုင်းရင်းသားအသီးသီး၏ စာပေ၊ ယဉ်ကျေးမှုများ လွတ်လပ်စွာ ဖွံ့ဖြိုးခွင့် ကို NNER က လိုလားသည်။

၉။ “လက်တွေ့ကျသောပညာရေးမြှင့်တင်မှုအကောင်အထည်ဖော်ရေးကော်မတီ” မှ ရေးဆွဲသည့် တက္ကသိုလ်များဗဟိုကောင်စီဖွဲ့စည်းရေး(မူကြမ်း)သည် ပညာရေးလွတ်လပ်ခွင့်ကို ဟန့်တားပြီး ဗဟိုချုပ်ကိုင်မှုကို ထပ်မံအကောင်အထည် ဖော်နေခြင်းဖြစ်၍ ကျွန်ုပ်တို့အားလုံးမှ ကန့်ကွက်သည်။ ၂၀၁၃၊ ဒီဇင်ဘာလ (၂၃)ရက်နေ့တွင် တက္ကသိုလ်ဆရာ၊ ဆရာမများအသင်းမှ ထုတ်ပြန်သည့် ကြေညာချက်နှင့် ဒီဇင်ဘာလ၊ (၂၄)ရက်နေ့တွင် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်သားသမဂ္ဂများအဖွဲ့ချုပ်မှ ထုတ်ပြန်သည့် “တက္ကသိုလ်များဗဟိုကောင်စီဖွဲ့စည်းရေး(မူကြမ်း)အား ပြင်းထန်စွာ ကန့်ကွက်ခြင်း” ကြေညာချက်အား ဒေသအသီးသီးမှ ကျောင်းသားသမဂ္ဂများမှ ဝိုင်းဝန်းထောက်ခံကြသည့်နည်းတူ ကျွန်ုပ်တို့အားလုံးမှလည်း အပြည့်အဝ ထောက်ခံသည်။

၁၀။ အစိုးရနှင့် ပညာရေးဝန်ကြီးဌာနအနေဖြင့် အားလုံးပါဝင် ရေးဆွဲထားသော အမျိုးသားပညာရေးမူဝါဒတစ်ရပ် ပေါ်ပေါက်လာနိုင်ရန်အတွက် -
(က) လက်တွေ့ပညာရေးနယ်ပယ်အသီးသီးမှ ပညာရှင်များ၊ ကျောင်းသူ/ကျောင်းသားများ၊ တိုင်းရင်းသားများ၊ သာသနာရေးနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ မသန်စွမ်းသူများ အပါအဝင် နိုင်ငံသားများနှင့် ပွင့်လင်းမြင်သာမှုရှိစွာဖြင့် လူထုရှေ့မှောက်တွင် ပညာရေးမူဝါဒနှင့် ပတ်သက်၍ မတူညီသော အယူအဆများနှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးပွဲများ (Education Debate) ပြုလုပ်ရန်၊ သတင်းမီဒီယာများတွင် ဖော်ပြရန်နှင့်
(ခ) NNER ၏ ပညာရေးမူဝါဒနှင့် အစိုးရအပါအဝင် ပညာရေးဝန်ကြီးဌာနမှ အဆိုပြုသော မူဝါဒများကို ပြည်သူလူထုရှေ့မှောက်တွင် ဆွေးနွေး ညှိနှိုင်းအဖြေရှာရန် NNER မှ အလေးအနက် တိုက်တွန်းလိုက်သည်။

၁၁။ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)သည် မြန်မာနိုင်ငံဒေသအသီးသီးတွင် နေထိုင်ကြသည့် ပြည်သူလူထု လိုလားသည့် ပညာရေးမူဝါဒကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ပညာရေးပြုပြင်ပြောင်းလဲရေး လှုပ်ရှားမှုတွင် ပြည်သူလူထုတစ်ရပ်လုံး ကျွန်ုပ်တို့နှင့် လက်တွဲ၍ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ပညာရေးမူဝါဒညှိနှိုင်းရေးအဖွဲ့
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)